Breaking The Silence
Manage episode 375666938 series 3287919
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ရဲ့ တက်သစ်စ လူငယ်ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ 👱♀️မနွေးက စက်တင်ဘာလမှာ အစမ်းကာလအစပြုမယ့် "Breaking The Silence" 🫂 လူငယ်တွေရဲ့ တစ်ကိုယ်ရည်ကြိတ်ခံစားနေရတဲ့ တိတ်ဆိတ်မှုတွေကို အတူတကွချိုးဖျက်ကြဖို့ ပင်တိုင်တင်ဆက်သူတွေဖြစ်ကြတဲ့ ကိုပြည့်နဲ့ မနွေးက လူငယ်တွေရဲ့ 💔ရင်တွင်းခံစားချက်တွေ 🧠 ပေါက်ကွဲခွင့်ရအောင် ☎️ နားထောင်ခံစားပေးမယ့် အစီအစဉ်အကြောင်းကို အသက် ၂၂ နှစ်အရွယ် ညီမငယ်တစ်ဦးရဲ့ ခံစားချက်ပေါက်ကွဲသံနဲ့အတူ စိတ်ဝင်စားဖွယ် မိတ်ဆက်ပေးထားပါတယ်။ 👏
ဒီ Phone Call Service ဖုန်းဝန်ဆောင်မှုအစီအစဉ်ကို ရယူနိုင်ဖို့အတွက် ⏰ ၁၅ မိနစ်တစ်ဖြတ်စီ လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး စမ်းသပ်ကာလအတွင်း ပထမဦးဆုံး တစ်ဆက်ရှင်ကို အခမဲ့အဖြစ် Host တွေက 🎁 မေတ္တာလက်ဆောင် နားထောင်ပေးမှာပါ။ ပြီးတော့လည်း မိမိစိတ်ကြိုက် အမျိုးသား၊ အမျိုးသမီး Host ကို ကြိုတင်ရွေးချယ် ချိန်းဆိုနိုင်ပါတယ်။ ဒါနဲ့အားမရသေးရင်တော့ နောက်ထပ် ၁၅ မိနစ်စာ တစ်ဆက်ရှင်စီတိုင်းကို ငွေကျပ် 💸 ၅၀၀၀ နှုန်းစီနဲ့ လက်ခံနားထောင်ပြီး 🎧 ဖန်တီးမှုတွေနဲ့ စိတ်ခံစားချက်တွေ ပြန်လည်ခွန်အားယူနိုင်ဖို့အတွက် ဆွေးနွေးပေးဦးမှာဖြစ်လို့ စိတ်ပါဝင်စားသူ လူငယ်များအနေနဲ့ အခုပဲ Chat Box 📬ကနေ စာရင်းပေးသွင်းထားနိုင်ပါပြီ။
ဒါ့အပြင် မိမိတို့ရဲ့ ခံစားချက်တွေကို အများပြည်သူသိအောင် 🎙 Podcast အစီအစဉ်အဖြစ် ဖော်ထုတ်တင်ဆက်ချင်တယ်ဆိုရင်လည်း Host တွေက တစ်လကို အမျိုးသမီး တစ်ဦး၊ အမျိုးသား တစ်ဦးစီ အလှည့်ကျ စီစဉ်ထုတ်လွှင့်ပေးဦးမှာဖြစ်လို့ မည်သည့် လူမျိုး၊ ဘာသာ၊ သန်စွမ်း၊ မသန်စွမ်းမခွဲခြားဘဲ လူငယ်မှန်သမျှ မိမိတို့ရဲ့ရင်ထဲက မထွေးနိုင်မအံနိုင် ခံစားချက်တွေကို Host တွေနဲ့အတူ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပေါက်ကွဲကြည့်လိုက်ပါလို့ အားပေးဖိတ်ခေါ်လိုပါတယ်။
" 🗣ပြောကြည့်လေ 😍ရင်ထဲပေါ့သွားတာပေါ့။🤝"
📢(ကြော်ငြာကဏ္ဍ)
Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136
ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805
မိမိတို့စိတ်ကြိုက် အကြောင်းအရာစုံကို ပါဝင်တင်ဆက်ချင်ကြတဲ့ မည်သူမဆို ၃ မိနစ်ထက်မများ၊ ၇ မိနစ်ထက်မနည်းတဲ့ ဆူညံသံကင်းမဲ့ အသံဖိုင်များကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နည်းပြများဖြစ်တဲ့ ကိုပြည့် နဲ့ မနွေးထံ ပေးပို့ဆက်သွယ်နိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါက Mini-Podcast မိတ်ဆက်အစီအစဉ်ကို နားထောင်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။ 👇
🎭🎤ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Inclusive Independent Podcast”📱🎧
👉 https://wavve.link/mcanetwork
👉 https://www.tiktok.com/@mcanetwork
👉 https://app.redcircle.com/shows/2191f685-b2e2-477c-b7d4-f7b4e93740ca/
👉 https://www.youtube.com/@mcanetworkork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://twitter.com/MCinemAbilityN
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.clubhouse.com/club/myanmar-cinemability-network
☎️ 09261256493 (Ko Pyae), 09450067352 (Ma Nwaye)
#breakingthesilence
#phonecallservice
#mentalhealth
#youthvoices
#daretospeakout
#problemsolving
#internalconflict
#externalconflict
#personalstorytelling
#InclusiveIndependentPodcast
188 episodes